Pages

Popular Posts

Thursday, September 5, 2013

WiMax Connection (Worldwide Interoperability for Microwave Access)!!! အကြောင်းလေး -





WiMax Broadband Connection ကတော့ အခုနောက်ပိုင်းမှာ ခေတ်အရမ်းစားလာတဲ့ Wireless ကြိုးမဲ့ဆက်သွယ်မှု နည်းပညာသစ် ဖြစ်ပါတယ်။ ဆန်းသစ်ပြီးတော့တီထွင်ထားတဲ့ ကြိုးမဲ့နည်းပညာတွေပေါင်းပြီးတော့ ပြုလုပ်ထားတဲ့ Connection အမျိုးအစားဖြစ်ပါတယ်။ WiMax Connection ဆိုတာကတော့ တယ်လီဖုန်းလိုင်းတောင်မလိုပါဘူး။ တယ်လီဖုန်းလိုင်းမရှိတွေဘဲနဲ့အသုံးပြုနိုင်တဲ့ Connection အမျိုးအစားဖြစ်ပါတယ်။ Internet ကြည့်ရှုနိုင်သည့် အပြင် Internet Protocol အခြေခံတယ်လီဖုန်းလိုင်းဖြစ်တဲ့ VoIP ဖုန်းတွေမှာတောင် လျင်မြန်တဲ့အမြန်နှုန်းနဲ့အသုံးပြုနိုင် ပါတယ်။ တယ်လီဖုန်းမရှိသူတွေအနေနဲ့လဲ Internet Connection အပြင် VoIP ဖုန်းလိုင်းတစ်လိုင်းကနေ နှစ်လိုင်းအထိ အသုံးပြုနိုင်ပါတယ်။ WiMax Connection ဟာကြိုးမဲ့ဆက်သွယ်ရေးကို သုံးထားတဲ့အတွက် နေရာအကွာအဝေးတော်တော်များများ အထိဆက်သွယ်အသုံးပြုနိုင်လို့ ADSL Broadband Connection နှင့် Broadband Wireless Local Loop Connection တို့လိုမျိုး Cable တွေ၊ Ethernet ကြိုးတွေဖိုး ကုန်ကျစရိတ် သက်သာနိုင်ပါတယ်။ WiMax Connection ဟာဆိုရင် ကို Base to many Multi-point ပုံစံသွားတဲ့ Connection အမျိုးအစားဖြစ်ပါတယ်။ WiMax Connection ဟာ IEEE 802.16 စံသတ်မှတ်ချက်ဖြစ်ပါတယ်။ IEEE 802.16 စံသတ်မှတ်ချက် အနေနဲ့လဲ WiMax Connection မှာ အမျိုးအစား(၅)မျိုးရှိပါတယ်။ ဒါပေမယ့် အခုတိုင်း Standard သတ်မှတ်ထားပြီးတော့အသုံးပြုနေတဲ့ IEEE 802.16 အမျိုးအစားကတော့ IEEE 802.16 အပါအ၀င် (၃)မျိုး ရှိပါတယ်။ IEEE 802.16; IEEE 802.16a;IEEE 802.16d; IEEE 802.16e တို့ဖြစ်ပါတယ်။ (နောက်ထပ်ကတော့ (၂)မျိုးကတော့ IEEE 802.16b and IEEE 802.16c တို့ဖြစ်ပါတယ်။) IEEE 802.16d မှာဆိုရင်တော့ Wireless Application ပါထည့်သွင်းအသွင်းပြုနိုင်ဖို့ လုပ်ဆောင်ချက်ပါဝင်ပါတယ်။ IEEE 802.16e ကတော့ Mobile ဖုန်းတွေမှာ အသုံးပြုနိုင်ဖို့ ထုတ်လုပ်ထားတာဖြစ်ပါတယ်။ မိမိတို့ အသုံးပြုနေတဲ့ WiMax Connection Speed ကတော့ မိမိတို့အသုံးပြုတဲ့ Tower နဲ့ Channel အပေါ်မှာမူတည်ပြီးတော့ ပြောင်းလဲမှု တွေရှိနိုင်ပါတယ်။ WiMax Connection Network မှာတော့ အင်တာနက်ချိတ်ဆက်အသုံးပြုသူတွေဟာ မိမိတို့အသုံးပြုထားတဲ့ Network Connection အတွင်း မိုင် (၃၀)လောက်ပတ်လည်အတွင်း ကြိုးမဲ့စနစ် လှမ်းချိတ်ဆက်ပြီးတော့အသုံးပြုလို့ရတဲ့ Connection အမျိုးအစား ဖြစ်ပါတယ်။ WiMax Connection ဟာတပြိုင်နက်တည်းအသုံးပြုနေသူတွေများလာရင်တောင် Internet Traffic မဖြစ်တဲ့အပြင် Connection Speed လဲကျသွားတာတွေ၊ ဘာတွေမဖြစ်တဲ့ အမျိုးအစားဖြစ်ပါတယ်။ အဲဒီလိုမျိုးမဖြစ်ဖို့အတွက် WiMax Connection မှာ သင့်တော်တဲ့ Radio waves တွေကနေတဆင့် Internet ကိုချိတ်ဆက်ဖို့အတွက် ကျော်သွားနိုင်တဲ့ Cognitive radio waves လို့နည်းပညာ ကိုထည့်သွင်းထားတဲ့ Connection အမျိုးအစားဖြစ်ပါတယ်။ Cognitive radio waves ဆိုတာကတော့ Connection အတွက် သင့်တော်တဲ့ radio waves တွေကို အလွယ်တကူနဲ့အလိုအလျောက် ချိတ်ဆက်ကူးပြောင်းပေးနိုင်တဲ့ နည်းပညာဖြစ်ပါတယ်။ အဲဒီနည်းပညာထည့်သွင်း ထားလို့ Internet Traffic ပိတ်ဆို့မှုတွေ WiMax Connection မှာမဖြစ်ပေါ်တာဖြစ်ပါတယ်။ အဲဒါကြောင့် WiMax Connection အတွက်ဆိုရင် Radio waves တွေ အတော်များများအသုံးပြုဖို့လိုအပ်မှာဖြစ်ပါတယ်။

WiMax Connection တွေဟာ Radio waves တွေရဲ့ကြိမ်နှုန်းခွင်တွေကိုအသုံးပြုပြီးတော့ digital bits တွေကို အမြောက်အမြားကို ကြိုးမဲ့စနစ်ကိုအသုံးပြုပြီးတော့ ထုတ်လွှတ်ပေးပြီးတော့ Connection ချိတ်ဆက်အသုံးပြုနိုင်အောင် ပြုလုပ်ထားတာဖြစ်ပါတယ်။ WiFi Network တွေကို ထပ်ဆင့်အသုံးပြုနိုင်အောင် ပြင်ဆင်ထားတဲ့ Connection အမျိုးအစားဖြစ်ပါတယ်။ Internet ချိတ်ဆက်ဖို့အတွက် Fiber Optic cable line တွေလို ကုန်ကျစရိတ်မများတဲ့ Connection အမျိုးအစားဖြစ်ပါတယ်။ WiMax Connection ဟာ ကြိုးမဲ့ရေဒီယို နည်းပညာကိုအသုံးပြုထားလို့ Internet Connection ပိုမိုမြန်ဆန်တယ်၊ စရိတ်သက်သာပါတယ်။ အခုနောက်ပိုင်းဆိုရင်တော့ Desktop Computer; Laoptop; Notebook;SmartPone တို့မှာ WiMax Connection ကိုအသုံးနိုင်အောင်လို့ WiMax Access chip လေးတွေကိုထည့်သွင်း ထုတ်လုပ်လာတာလေးတွေရှိပါတယ်။

WiMax Connection ကိုတော့ မြန်မာနိုင်ငံမှာ မြန်မာ့ဆက်သွယ်ရေး (MPT) နှင့် RedLink Communications တို့မှာ လျှောက်ထားပြီးတော့ တပ်ဆင်အသုံးပြုနိုင်ပါတယ်။ Class အမျိုးအစားအနေနဲ့ (၃)မျိုးရှိပါတယ်။ Consumer (128 Kbps: 1PC); Enterprise (256Kbps: 4PC) နဲ့ Corporate (512Kbps: 12PC) တို့ဆိုပြီးတော့ Speed အမျိုးအစားအလိုက် အသုံးပြုနိုင်တဲ့ ကွန်ပြူတာအရေအတွက်တို့ ဖြစ်ပါတယ်။ Monthly Fees အနေနဲ့လဲ (45 FEC; 75 FEC; 130 FEC) ဆိုပြီးတော့ပေးဆောင်ရမှာဖြစ်ပါတယ်။ Free e-mail account ကိုလဲ Class အမျိုးအစားအလိုက် မိမိတို့အသုံးပြုချင်သလောက် အသုံးပြုနိုင်ပါတယ်။ VoIP phone ကိုလဲ အသုံးပြုချင်ပါကလဲ တပ်ဆင်အသုံးပြုနိုင် ပါတယ်။ (အခုတော့ Outdoor unit တစ်ခုတည်းဖြင့်ချိတ်ဆက်အသုံးပြုနိုင်ပြီးတော့ ဖုန်းလိုင်းတောင်မရှိလဲ အသုံးပြုနိုင်ရန် RedLink က စရိတ်နည်းနည်းနဲ့ဝန်ဆောင်မှုတွေပေး နေပါတယ်။)

ပိုးကောင်လေး WiMax Connection ကိုတော့ 256Kbps Speed နဲ့ Connection လိုင်းတစ်လိုင်းကိုတော့ Project case တစ်ခုကနေ တစ်ခါတော့လေ့လာဘူးပါတယ်။ အဲဒါကြောင့် ပိုးကောင်လေးသိထားတဲ့ အနည်းငယ်အချက်အလက်တွေနဲ့ အွန်လိုင်းကနေ Wimax Connection အကြောင်းကို MART လို့ခေါ်တဲ့ Minnesota Association For Rural Telecommunications ကနေပြုလုပ်ထားတဲ့ Powerpoint နဲ့ Introduction WiMax Technology စာအုပ်တွေကနေ လေ့လာပြီးတော့ အနည်းငယ်ရေးထားပေးတာဖြစ်ပါတယ်။

Minnesota Association For Rural Telecommunications ရဲ့ PowerPoint မှာတော့ WiMax ရဲ့အလုပ်လုပ်ပုံ၊ IEEE အမျိုးအစားတွေနဲ့ အားသာချက်၊ အားနည်းချက်တွေကို အရှင်းလင်းဆုံးစာလုံးလေးတွေနဲ့ ကြားဖူးနေကြ စကားလုံးလေးတွေ အသုံးပြုပြီးတော့ဖော်ပြထားပါတယ်။ အလွယ်တကူဖတ်ရှုလေ့လာနိုင်ပါတယ်။ အောက်ကလင့်မှာ ဖတ်ရှုနိုင်ပါတယ်။

http://ifile.it/cq9m0hk


Introduction to WiMax Technology မှာဆိုရင်တော့ WiMax Connection ပေါ်ပေါက်လာပုံကအစ အသေးစိတ်ကိုရှင်းပြထားပါတယ်။ အောက်ကလင့်လေးမှာ ဖတ်နိုင်ပါတယ်။

http://ifile.it/4w7lhk2

ပုံအနေနဲ့ကတော့ ပိုးကောင်လေးလဲမြင်ဘူးတဲ့ WiMax Connection ကို Base Station တစ်ခုထားပြီးတော့ လှမ်းချိတ်ထား ပုံကို Internet ကနေ ယူထားပြီးတော့ အားလုံးကြည့်လိုက်တာနဲ့နားလည်နိုင်တဲ့ပုံလေးကိုဖော်ပြပေးထားပါတယ်။






အားလုံး WiMax Connection အကြောင်းလေးကို Company တစ်ခုမှာ Project လုပ်ပေးရင်နဲ့လေ့လာဖြစ်တာဆိုတော့ ရတဲ့ဗဟုသုတ လေးကိုရေးပေးထားတာ ဖြစ်ပါတယ်။ ပိုးကောင်လေးတတ်နိုင်သလောက်လေးရေးပေးထားတာဖြစ်လို့ အမှားများနဲ့အခြားလိုအပ်ချက်များ ရှိရင်လဲ နားလည်ခွင့်လွှတ်ပေးကြပါ။ ပိုးကောင်လေးကိုယ်တိုင်ကလဲ တစ်ကြိမ်တည်းလေ့လာဘူးတော့ အမှားဆိုတာရှိနိုင်ပါတယ်။

No comments: