MSI After Burner ကိုသုံးပြီး graphic performance ကိုမြှင့်တင်ခြင်း
သာမန် user တော်တော်များများဟာ after burner ကို အသုံးပြုလေ့မရှိပါဘူး။ ဒါပေမယ့် After Burner ဟာ game တွေအတွက်အလွန်ကိုအသုံးဝင်ပါတယ်။ အဓိကအားဖြင့် ဂိမ်းကစားဖို့အတွက် graphic card ဈေးတွေ ခေါင်ခိုက်နေတာကြောင့် တော်ရုံတန်ရုံအမြင့်ဂိမ်းတွေနားကိုမကပ်နိုင်ပါဘူး။ ဒါကြောင့် graphic card တွေမှာ မြန်နှုန်းမြှင့်ပေးတဲ့ software တွေထည့်ပေးထားကြပါတယ်။ Asus မှာ gamer OSD MSI မှာ After Burner အစရှိသဖြင့်ပေါ့ဗျာ။ GIGABYTE မှာတော့မသိဘူးခင်ဗျ။ ကျွန်တော်က MSI နဲ့ Asus တွေကိုပဲသုံးခဲ့လို့ပါ။ အခု post မှာတော့ MSI ရဲ့ after burner သုံးပုံကိုဖော်ပြသွားမှာပါ။ GIGABYTE နဲ့ပတ်သက်လို့သိတဲ့လူများရှိရင် group ရဲ့ဒီခေါင်းစဉ်အောက်မှာဆက်တင်ပေးကြပါ။ MSI က သူ့ရဲ့ Over Clock software ကို jet လေယာဉ် တစ်စီး အသံထက်မြန်တဲ့အလျင်နဲပျံသန်းတဲ့ပုံစံကိုကိုယ်စားပြုပြီးတော့ After Burner လို့အမည်ပေးထားတာ ဖြစ်ပါတယ်။
ပထမဆုံး ကျွန်တော်စမ်းသပ်တဲ့ ပစ္စည်းတွေနဲ့ system တွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
Core2 Quad 2.66 (4 Core Processor)
4GB DDR2 (RAM)
MSI Nvidia N450 1GB DDR5 (Graphic Card)
Window XP service pack 2 (OS)
After Burner 1.0 (MSI product)
Processor အတွက်ကတော့ Quad Core ဖြစ်လို့အဆင်ပြေပါတယ်။ game တွေအတွက်ဆိုရင် Dual Core processor တွေနဲ့ဆိုရင်ကိုအဆင်ပြေပါတယ်။ processor ရဲ့ speed 2.2 GHz အထက် (Core နှစ်ခုနှင့် processor) တွေဆိုရင် ဂိမ်းများအတွက်လုံလောက်ပါတယ်။ အမြင့်ပိုင်းဂိမ်းတော်တော်များများကိုဆော့လို့ရပါ တယ်။ Memory ကတော့ အနည်းဆုံး 2GB DDR2 လောက်တော့ရှိသင့်ပါတယ်။ ကျွန်တော်တို့ XP ကိုသုံးရင် 2GB လောက်နဲ့ အဆင်ပြေပေမယ့် Windows 7 ဆိုရင်တော့အဲဒီ့အထက်လောက်မှအဆင်ပြေပါမယ်။ ဘာလို့ လဲဆိုတော့ ကျွန်တော်တို့တခြား run ထားမယ့် application တွေ service တွေ စတဲ့ process တွေအများကြီး ရှိနေလို့ပါပဲ။ များသောအားဖြင့် full service နဲ့ တခြား application တချို့ run နေတဲ့ window 7 OS သုံး စက်တွေမှာ memory ဟာ 600-800MB လောက်တက်နေတတ်လို့ပါ။ ဒါကြောင့် 32 bits window တွေရဲ့ အဆုံး 4GB DDR2 လောက်အထိစိုက်ထားသင့်ပါတယ်။ memory ဈေးကလဲ graphic card ဈေးထက်စာရင် အများကြီးနည်းပါတယ်။ အခုအချိန်မှာ DDR2 2GB တစ်ချောင်းကို နှစ်သောင်းခွဲပတ်ဝန်းကျင်ပဲရှိပါတော့တယ်။ ကျွန်တော် အခုလက်ရှိသုံးနေတဲ့ card ကတော့ ငွေကြေးအားဖြင့်မနည်းမများမှာပဲရှိပြီး စွမ်းဆောင်ရည်ပိုင်းကလဲ အလယ်အလတ် အဆင့်မှာပဲရှိပါတယ်။
ပထမဆုံး gamer မဟုတ်တဲ့သူများအတွက် (ကျွန်တော်လဲ gamer တစ်ယောက်မဟုတ်ပါ) graphic card တွေ အကြောင်းကိုနည်းနည်းပြောလိုပါတယ်။ Graphic processor တွေကိုထုတ်တဲ့ company တွေကတော့ယခု လက်ရှိ ATI နဲ့ Nvidia ဆိုပြီးနှစ်မျိုးရှိပါတယ်။ ATI card တွေက ကျွန်တော့်အမြင်အားဖြင့် stability ကောင်းပါ တယ်။ နောက်ပြီး အပူသက်သာပါတယ်။ ဒါကြောင့် ATI card တွေရဲ့ heat sink တွေက passive type (ပန် ကာမပါ) တွေများပါတယ်။ တကယ့် high end ကတ်တွေကတော့ Active type တွေနဲ့ပါပဲ။ Nvidia က တော့ အပူထုတ်တာများပါတယ်။ ဒါပေမယ့် performance က ATI card တွေထက်သာပါတယ်။ ဒါကြောင့် Nvidia card တွေကို အဲဒီ့တစ်ချက်နဲ့ပဲ မျက်စိ မှိတ်ရွေးလိုက်တာပါ။ ဈေးကလဲနည်းနည်းပိုကြီးတယ်ခင်ဗျ။ အဲဒါ တော့မကောင်းဘူးပေါ့။
Memory bus -128 bits
Shader -1700MHz (ATI မှာမရှိပါ) Core Clock- 850MHz
Memory Clock- 900MHz Memory -1GB DDR5
Company- Nvidia Almost same as- ATI 5770 1GDDR5
အထက်ပါအတိုင်းအတာတွေကတော့ ကျွန်တော်အသုံးပြုမယ့် ကတ်ရဲ့အတိုင်းအတာတွေပါ။ GPU-Z ကိုသုံး ပြီးအသုံးပြု နေတဲ့အတိုင်းအတာတွေကို ကြည့်နိုင်ပါတယ်။ ဒါပေမယ့်အထက်ပါအတိုင်းအတာတွေက ပြထားတဲ့ အတိုင်းအလုပ်လုပ် နေတာမဟုတ်ပါဘူး။ အမြင့်ဆုံးတင်နိုင်တဲ့ပမာဏကိုပြထားတာပါ။ graphic card ဟာသူ့ရဲ့ setting ကို auto အလုပ်လုပ်ပေးနေတာပါ။ အဲဒါကြောင့်သူဟာလိုအပ်သလောက်ပဲအလုပ်လုပ်ပေးနေပါတယ်။ အောက်ပါပုံကတော့ လက်ရှိ အလုပ်လုပ်နေတဲ့အတိုင်းအတာကိုပြတာပါ။ bandwith မှာ 57GB ကျော်ကျော် လောက်ရှိပါတယ်။ memory clock တွေ core clock တွေကလဲနည်းနည်းလေးပါပဲ။
ပထမဆုံးကျွန်တော်တို့ဟာ After Burner ကို စဖွင့်ပါမယ်။
အဲဒီကနေ ပြထားတဲ့ Clock speed တွေကိုတင်သွားပါမယ်။ ကျွန်တော်တို့ဟာ manually adjust လုပ်တာဖြစ်တဲ့အတွက် အမှားမခံပါဘူး။ အဲဒါကြောင့် နားလည်တဲ့ လူတစ်ယောက်ရှိရင်ပိုကောင်းပါတယ်။ တင်တာကတော့လွယ်လွယ်လေးပါ။ အတုံး လေးကိုရွှေ့လိုက်ရုံပါပဲ။ ဒါပေမယ့် တင်ထားတာအရမ်းများသွားပါက hardware ကိုထိခိုက်နိုင်လို့ပါတယ်။ ဒါကြောင့် ကျွန်တော် တို့တင်သလောက်ကို fan ရဲ့ percentage ကိုကြည့်ပြီးတော့ ဘယ်လောက်အထိတက်နိုင်တယ်ဆိုတာကိုကြည့်လို့ရပါတယ်။ fan ရဲ့ speed ကိုကြည့်ပြီးတော့ကိုယ်တင်ထားသလောက်ကိုလိုက်ပြီးညှိပေးရပါမယ်။ အခု over clock လုပ်ချင်းဟာ ဘောင်ထဲ ကလုပ်တာဖြစ်တဲ့အတွက် အရမ်းကြီး damage တော့မဖြစ်နိုင်ပါဘူး။ ဒါပေမယ့်ခဏခဏလုပ်ပါများရင်တော့ GPU သက်တမ်းကျ သွားမှာပါ။ အောက်က profile မှာတော့ကျွန်တော်တို့တင်လို့အဆင်အပြေဆုံးအဆင့်ကို save လုပ်ထားလို့ရပါတယ်။ အောက် မှာလဲ startup မှာ apply လုပ်ဖို့ခလုတ်တခုပါပါသေးတယ်။ အဲဒါကတော့ ကျွန်တော်တို့ window စတက်တာနဲ့ run အောင် လုပ်ပေးထားတာပါ။ ကျွန်တော်အခု အောက်ပါအတိုင်းထားလိုက်တဲ့အခါ bandwidth ကကြီးကြီးမားမားပြောင်းလဲသွားပါတယ်။

ဒါပေမယ့် fan speed ကိုမချိန်ရသေးပါဘူး။ GPU အပူတက်တဲ့အပေါ်မှာမူတည်ပြီး fan speed ကအရမ်းအရေးကြီးပါတယ်။ သူ့ ကိုလုံးဝမေ့ထားလို့မရပါဘူး။ တကယ်အပူတက်လာရင် fan နဲ့တောင်မလုံလောက်ပါဘူး။ ကျွန်တော်တို့ဟာ GPU အပူချိန်ကို 45ံ ထက်ကျော်ရင်တော်တော်ဆိုးသွားပါပြီ။ အကောင်းဆုံးကတော့ 40 ပတ်ဝန်းကျင်လောက်ပါပဲ။ အောက်မှာတော့တက် လာတဲ့ graphic card ရဲ့ bandwidth နဲ့ pixel ဖော်နိုင်တဲ့ နှုန်း texture ဖော်နိုင်တဲ့နှုန်းတွေကိုကြည့်နိုင်ပါတယ်။

အခုဆိုရင် bandwidth က 68.2GB/s အထိတက်လာပါတယ်။ စောစောကထက် 11G လောက်ပိုများလာပါတယ်။ 11G ဆိုတဲ့ ပမာဏဟာ graphic အညံ့စားတစ်ကတ်ထက်တောင်ပိုပါတယ်။ ဒါကြောင့်သူ့ရဲ့ performance အတော်တက်လာတယ်လို့ ပြောလို့ရပါတယ်။ N450 card ဟာ crysis-maximum ကို 47 FPS (Frame Per Second) နှုန်းနဲ့ overclock မလုပ်ပဲဆော့ လို့ရပါတယ်။ Frame per second ဆိုတာကတော့ 1 second မှာပြနိုင်တဲ့ frame အရေအတွက်ကိုပြောတာပါ။ 3D Max သမားတွေ (3D animator) တွေသိကြပါတယ်။ GTA IV (4DVDs version) ကိုဒီအတိုင်းဆော့လို့မရပါဘူး။ over clock နဲ့ဆော့ပါက Graphic memory အပြည့်နဲ့ rendering highest, texture high နဲ့ဆော့လို့ရပါတယ်။ GTA IV ကြောင့် ဒီလို over clock ကိုစွန့်စားပြီးလုပ်ခဲ့တာပါ။ အားလုံးအဆင်ပြေခဲ့ပါတယ်။ After Burner 1.0 ကိုပဲသုံးခဲ့ရတာက graphic card driver မှာပါတဲ့ After Burner ကအဆင်မပြေလို့ပါ။ အဲဒါကြောင့် MSI Nvidia Geforce 9500 512 DDR3 မှာပါတဲ့ 1.0 ကိုသုံးခဲ့ရတာပါ။ ကျွန်တော်အတွေ့အကြုံက graphic card အသစ်မ၀ယ်နိုင်လို့ ဂိမ်းအမြင့်မဆော့နိုင်တဲ့သူများအတွက် အ တော်အသင့်ကူညီနိုင်လိမ့်မယ်လို့မျှော်လင့်ပါတယ်။ ယခုကတ်အနေအထားနှင့် ရနိုင်တဲ့ bench mark တွေကတော့ အောက်ပါ အတိုင်းဖြစ်ပါတယ်။ ကျွန်တော်ရနိုင်သလောက်တိုင်းထားတာပါ။
Company of Heros –over 65 FPS
Crysis-over 45 FPS
Maifa II – around 38 FPS
Farcry 2- over 50 (Direct X 10)
Resident Evil 5- over 34 FPS (Direct X 10)
အထက်ပါဂိမ်းများကတော့လူသိများပြီးတော့အတော်အတန်မြင့်တဲ့ ဂိမ်းတွေဖြစ်ပါတယ်။
သတိပြုရန်များ
1. Over clock လုပ်ခြင်းဟာ hard ware ကိုများစွာထိခိုက်နိုင်ပါတယ်။
2. Over clock လုပ်မည့်ကတ်တွင် OC ဟုပါမပါစစ်ဆေးပါ။ မပါပါကစိတ်မချရပါ။ ပါသည့်ကတ်များပင် လုပ်ပါများလျှင် ပျက်တတ်ပါတယ်။
3. GPU ၏အပူချိန်ကိုအမြဲစစ်ဆေးပါ။
4. GPU-Z ကို run ထားပြီးမကြာမကြာကြည့်ပေးပါ။
5. Fan ကျန်းမာရေးကိုဂရုစိုက်ပါ။
6. Fan အား 80% နှင့်အထက် မ run သင့်ပါ။ Nvidia ကတ်များတွင် fan သည်အသက်ဖြစ်ပါတယ်။
7. Over clocking ကို နာရီပေါင်းများစွာလုပ်မထားသင့်ပါ။ အများဆုံးတစ်နာ၇ီခန့်သာ လုပ်ထားသင့်ပါသည်။ သို့မဟုတ်ပါ ကအနားပေးပြီးမှာပြန်လုပ်သင့်ပါတယ်။
8. Over clocking အား air-con မရှိပါက။ နေ့ဘက်ထက် အပူချိန်နည်းတဲ့ ညဘက်မှာသာလုပ်သင့်ပါတယ်။
9. Desktop PC များအတွက်သာဖြစ်ပါတယ်။
အထက်ကတော့ ဆောင်ရန်ရှောင်ရန်လေးတွေပါ။ မပြည့်စုံတာရှိပါက phonezinoo@gmail.com ကို mail ပို့ပြီးပြောကြားပေး ကြပါ။ computer နဲ့ပတ်သက်လို့အားလုံးကို လေ့လာနေရပြီး experience သက်တမ်းနုသေးတဲ့အတွက် ဝေဖန်ပေးကြပါဦး။ အထက်ပါနည်းနဲ့ အတောင်းအရမ်း ဆိုးဝါးလှတဲ့ game တွေကို ကစားနိုင်မယ်လို့မျှော်လင့်ပါတယ်။ အသုံးများပြီးတော့ game တွေအတွက်သင့်တော်တဲ့ graphic card တွေကတော့
1. Asus ATI 5450 1G DDR3 (55000 ၀န်းကျင်) 128 bits
2. MSI Nvidia GT N430 1G DDR3 (85000 ၀န်းကျင်) 128 bits
3. Asus ATI 5730 1GDDR5 (150000 ၀န်းကျင်) 128 bits
4. MSI Nvidia GTS N450 1G DDR5 (150000 ၀န်းကျင်) 128 bits (available as a product of GIGABYTE)
5. Asus ATI 6770 1GDDR 5 (240000 ၀န်းကျင်) 256 bits
ကျွန်တော်ကတော့လက်ရှိအခြေအနေအထိ ATI 5450 ကိုအကြိုက်ဆုံးပါ။ ဈေးအားဖြင့်အရမ်းကိုတန်ပါတယ်။ game တော် တော်များများကိုလဲ ကစားလို့ရပါတယ်။