Pages

Popular Posts

Tuesday, September 3, 2013

Apple Mac ဆိုပါလား.....ဘာကြောက်စရာရှိလဲ..

Apple Mac ဆိုပါလား.....ဘာကြောက်စရာရှိလဲ.........


apple ဆိုတာ ပန်းသီးတစ်လုံးပါဗျာ........apple နဲ့ ပက်သက်တဲ့ အရာအားလုံးကတကယ်တော့ ရိုးရိုးတွေထက်တောင် ပိုလွယ်ပါသေးတယ်..လုပ်ရတာ......ဒါကို အိုင်တီသမားတော်တော်များများက Mac ဆိုရင်ကို သိပ်ခက်ခဲမယ်ထင်နေတာ.....တကယ်လုပ်ကြည့်ပါ....ပြီးတော့ ကျွန်တော် အိုင်တီတွေမှာ အင်တာနက်ကလည်း အဆင်သင့်ပဲလေ...ဟုတ်တယ်မလား မလုပ်တက်ရင် ရှာပေါ့ လွယ်လွယ်လေးပဲ ရှာပြီးလုပ်လို့လည်း အထင်မသေးသွားပါဘူး..........အိုကေ ကြိုးစားကြတာပေါ့ အိုင်တီသမားများအားလုံးအတွက်

အိုင်တီသမားဖြစ်ချင်ရင် ဒါတွေ ခံနိုင်ရည်ရှိပြီလား

  အိုင်တီသမားဖြစ်ချင်ရင် ဒါတွေ ခံနိုင်ရည်ရှိပြီလား..........
Knowledge ခေတ်ရဲ့ အသက်မွေးဝမ်းကျောင်း အလုပ်တိုင်းမှာ စိမ်ခေါ်မှုတွေ များပြားလာတာ ကမ္ဘာတစ်ဝှမ်းလုံး ဖြစ်ပါတယ်။ အထူးသဖြင့် IT နဲ့ အသက်မွေးဝမ်းကျောင်းပြုလုပ်သူတိုင်း ပိုသတိထားမှာပါ။ ဘယ်သူဖြစ်ဖြစ် ပညာအလုပ်ရဲ့စိန်ခေါ်မှုတွေကို မခံနိုင်ဘူးဆိုရင် အဲဒီစိန်ခေါ်မှုတွေကို ခံနိုင်ရည်ရှိမယ် နောက်လူတစ်ယောက်အမြဲတမ်းရှိနေမှာပါ။ အဲဒီတော့ ကိုယ်မလုပ်နိုင်ဘူးလား .. ဒါဆို နောက်လုပ်နိုင်မယ့်သူ ကို ခိုင်းမယ်ဆိုမျိုးတွေကြည့်ပါပဲ။
အိုကေ .. ဒါဆို IT မှာ အလုပ်လုပ်မယ့်သူ ဘာတွေပဲ လာလာလုပ်နိုင်ပါတယ်လို့ အာမခံနိုင်အောင် သတိထားရမယ့် အချက်တွေ ရှိပါတယ်။ အဲဒီအချက်တွေက ကိုယ်နဲ့ မကိုက်ညီဘူးဆိုရင်တော့ IT နဲ့ အသက်မွေးမှုကို စွန့်လွှတ်လိုက်တာလိုက်တာ ပိုသင့်တော်ပါလိမ့်မယ်။ မစွန့်လွှတ်ချင်ဘူးဆိုရင်တော့ အနည်းဆုံး အချက်ဆယ်ချက်လောက်တော့ ခံနိုင်ရည်ရှိအောင် လုပ်ရပါ့မယ်။ အဲဒါတွေကတော့ .....
၁၊ စိတ်ရှည်ရမယ်။စိတ်တည်ငြိမ်ရမယ် ပြဿနာတစ်ခုကို စိတ်တည်တည်ငြိမ်ငြိမ်ထားပီး စိတ်ရှည်လက်ရှည် ဖြေရှင်းတတ်မှုကတော့ IT မှာ အရေးအကြီးဆုံးတစ်ခုပါပဲ။ တစ်ချို့ IT ပြဿနာတွေမှာ အချိန်မှီ မြန်မြန်ဆန်ဆန် ပြန်လည်ဖြေရှင်းပေးရမယ် ကိစ္စတွေရှိပါတယ်။ အဲဒီလိုအချိန်မှာ စိတ်တည်ငြိမ်မှု မရှိဘူးဆိုရင်တော့ ဟိုတွေးဒီတွေးနဲ့ အဲဒီ ပြဿနာကို အချိန်မှီ ဖြေရှင်းနိုင်မှာ မဟုတ်တော့ပါဘူး။ ကိုယ့်စိတ်ကိုယ် မထိန်းနိုင်ဘူးဆိုရင်တော့ IT အလုပ်ဆက်မလုပ်တာ ကောင်းပါတယ်။
၂၊ ကျောင်းဆက်တက်ဖို့တွေ စာမေးပွဲတွေ ဖြေဖို့တွေ စိတ်ဝင်စားရပါ့မယ်။ 
IT က အမြဲတမ်း အသစ်တွေ ထွက်ထွက်နေတာပါ။ အဲဒီတော့ ကိုယ့်ကိုကိုယ် အမြဲတမ်း refresh လုပ်နေရပါမယ်။ စာတွေ ဖတ်ရမယ်။ သတင်းတွေ ဖတ်နေရမယ်။ ဘာတွေ အသစ်တွေ ထွက်နေပြီလည်း အမြဲတမ်းလေ့လာနေရပါမယ်။ selfstudy လုပ်ဖို့ ၀ါသနာကို ပါနေရပါမယ်။ workshop တွေတက်ရမယ်။ အမြဲတမ်း learning လုပ်နေဖို့ လိုပါတယ်။ 
၃၊ ရုံးချိန်မဟုတ်တဲ့ အချိန်မှာလည်း အလုပ်လုပ်ရပါ့မယ်
နည်းပညာဆိုတာကြီးက ကိုယ်သတ်မှတ်ထားတဲ့ schedule အတိုင်း တသတ်မှတ်တည်း အမြဲတမ်းသွားနေမှာ မဟုတ်ပါဘူး။ Servers ဆိုတာမျိုးက သူဒေါင်းချင်တဲ့ အချိန် ဒေါင်းမှာ business ဆိုတာကတော့ ဒေါင်းလို့မရဘူး။ အဲဒီတော့ ညကြီးသန်းခေါင်းမှာ Server ဒေါင်းသွားလို့ ထလုပ်ရင်လည်း လုပ်ရမယ်။ စနေ၊ တနင်္ဂနွေ ရုံးပိတ်ရက်တွေလည်း သူများတွေလို နားချင်မှ နားရမယ်။ ကိုယ်က ရုံးပိတ်ရက်တွေမှာ သူများတွေ နည်းတူ လုပ်စရာတွေ အမြဲတမ်း ရှိနေတယ်ဆိုရင်တော့ ကိုယ်က IT အလုပ်နဲ့ သိပ်မကိုက်ဘူးလို့ သတ်မှတ်လိုက်ပါ။
၎၊ ပေါင်းသင်းဆက်ဆံရေးလည်း ကောင်းရပါမယ်
ဒါကတော့ ရှင်းပြဖို့လိုမယ်တောင် မထင်ပါဘူး။ ဘာဖြစ်လို့လည်းဆိုတော့ IT မှာ support end users ဆိုတာလည်း ပါတာကိုး။ စကားများများပြောရမယ်။ တဖက်လူ နားလည်းအောင် ဥပမာများနဲ့တကွ သေသေချာချာ ရှင်းပြရမယ်။
၅၊ လွယ်လွယ်အရှုံးမပေးနဲ့
ကိုယ့်အရည်အချင်းကို ဘယ်နှစ်ခါလောက် ပြန်လည် သုံးသပ်ဖူးလည်း။ ပြဿနာ တစ်ခုကို အကောင်းဆုံးဖြစ်အောင် ဘယ်နှစ်ခါ ဖြေရှင်းဖူးလည်း။ အဆုံးမသတ်နိုင်တဲ့ ပြဿနာတွေ ဘယ်လောက်များများ ထားခဲ့ဘူးသလည်း။ အဲလိုမျိုးတွေထားထားခဲ့တာကို ကိုယ့်ကိုကိုယ် မွေ့လျှော်နေပီလား။ အဲဒါမျိုးတွေက IT's ethic မှာ ဘယ်လိုမှ လက်မခံနိုင်တဲ့အချက်တွေပဲ။ တစ်ခုတော့ ရှိတယ်။ အချိန်နည်းနည်း ထပ်စောင့်ရအုံးမှာလား။ အဲဒီ ပြဿနာကို ဖြေရှင်းဖို့ skill လိုသေးတာလား။ အိုကေ။ အချိန်စောင့်နိုင်တယ် ထားအုံး။ လက်ခံထားဖို့ တစ်ချက်ကတော့ အဲဒီ အလုပ်ကို ပြီးအောင် အဆုံးသတ်မယ်။ လုပ်ကိုလုပ်ရမယ်ဆိုတာကိုတော့ လက်ခံနိုင်ရပါမယ်။
၆၊ ဒေါသထွက်မလွယ်နဲ့
IT သမားလည်း စိတ်နဲ့ပဲ ဒေါသတော့ တစ်ခါတစ်လေထွက်တာပေါ့နော်။ ဒါပေမယ့်  IT သမားက End users တွေရဲ့ ပြဿနာကို အနည်းနဲ့အများ နေ့တိုင်း ဖြေရှင်းပေးနေရတာဆိုတော့  ဒေါသထွက်လွယ်လို့ကတော့ တစ်နေ့လုံး ဒေါသထွက်နေရပြီး သွေးတိုးရောဂါ ရမယ်။
၇၊ multitask လုပ်နိုင်ရမယ် တစ်ခါတလေကျရင် IT သမားတွေက အချိန်မှီပြီးအောင် အလုပ်နှစ်ခု သုံးခု တစ်ပြိုင်နက်တည်း လုပ်ရတာတွေ ရှိပါတယ်။ အလုပ်ကို တစ်ခုပြီးပြတ်မှ တစ်ခုလုပ်တတ်တဲ့သူလည်း IT လောကမှာ မအောင်မြင်ဘူးလို့တော့ မဆိုလိုပါဘူး။ ဒါပေမယ့် multitask လုပ်နိုင်တဲ့သူက ပိုသာမှာပေါ့လေ။
၈၊ တဖြည်းဖြည်းနဲ့ ရာထူးတွေ တိုးတိုးသွားတာကို လိုချင်တာလား IT အလုပ်အတွက်တော့ အဲဒါက သိပ်မဖြစ်နိုင်ပါဘူး။ ရာထူးတော့ တိုးတာတော့ ရှိပါတယ်။ အိုင်တီ မန်နေဂျာလောက် အထိပေါ့။ CEO အဆင့်လောက်အထိ မျော်လင့်ထားတယ်ဆိုရင်တော့ ....
၉၊ နည်းပညာတွေ မကြိုက်ဘူးလား ဒါကတော့ မဖြစ်နိုင်ပါ။ ဥပမာ ဘာလဲဟ စမတ်ဖုန်း၊  ဖုန်းပဲကွာ ဖုန်းပြောလို့ရတော်ရောပေါ့ ဆိုတာမျိုး၊ စာအုပ်ဆို လက်ထိပ်လေး တံတွေးဆွတ်ပြီး လှန်ရမှ စာဖတ်တယ်လို ထင်တာမျိုး (ebook မဖတ်ချင်ဘူးဆိုသလို) Server တွေ Desktop switches, routers ဘာတွေလည်းဟ အင်တာနက်လေး သုံးရဖို့ ဘာတွေ မှန်းကို မသိဘူးဆိုတာမျိုး၊ စက်ပစ္စည်းတွေ များလို့ green earth ထိခိုက်တယ်ဆိုတာမျိုးတွေ ၊ အဲဒါတွေ ရှိနေမယ်ဆိုရင်တော့ ...
၁၀၊ ဖုန်းပိတ် အိပ်တတ်သလား IT သမားတွေဟာ ညလယ်သန်းခေါင်ကလည်း ကိုယ့်အလုပ်လုပ်ချိန်ပဲ ဖြစ်လာရင် ဖြစ်လာနိုင်တယ်။ မနက်ကတည်းက ညနေအထိ အလုပ်လုပ်ပြီးပြီ အလုပ်ချိန်ပြီးပြီလို့တော့ လက်လွတ်စပယ် နေလို့ မဖြစ်နိုင်ပါ။ 24/7 on call ဖြစ်နေရပါ့ မယ်။  မိသားစု တွေ့ဆုံပွဲကိုလည်း ခနထားခဲ့ပြီး Server ဒေါင်းလို့ အလုပ်လုပ်ရင် လုပ်ရပါ့မယ်။ သားဦးလေး မွေးမှာမို့လို့ လာလို့မရဘူး လည်း လုပ်လို့မရပါဘူး။ အလုပ်ချိန်ပြင်ပ ဖြစ်တဲ့အတွက် အလုပ်က ဖုန်းခေါ်ရင် မကိုင်ချင်ဘူး ဆိုရင်တော့ သေချာပါပြီး သင်နဲ့ IT နဲ့ ....

1GB ကို 2 GB ပြောင်းသုံးပုံ

1 GB Memory Card နဲ့ Pan Drive တွေကို 2 GB ကိုပြောင်းလို့ ရတယ်ဆိုတာက တခြားကြောင့်တော့ မဟုတ်ပါဘူး။ ဒီ Device တွေကို ထုတ်လုပ်သူတွေ အသုံးပြုတဲ့ Chip တော်တော်များများက အနည်းဆုံး 2 GB သိုလှောင် သိမ်းဆည်း နိုင်ကြပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့တွေက 1 GB Memory Card ထုတ်ဖို့ (သို့) Pan Drive ထုတ်ဖို့အတွက် သီးသန့် Chip အသစ်တွေကို ဒုက္ခခံ ၊ အချိန်ကုန်ခံပြီး မထုတ်လုပ်တော့ပါဘူး။ အလွယ်တကူပဲ 2 GB သိုလှောင်သိမ်းဆည်းနိုင်တဲ့ Chip တွေကို 1 GB နဲ့ ထွက်လာအောင် လုပ်လိုက်ကြတာပါ။ ဒီတော့ Space တွေက ပိုနေတာပေါ့။ ဒါကလဲ 1 GB Memory Card တိုင်းကို ဆိုလိုတာတော့ မဟုတ်ပါဘူး။ တချို့ ကဒ်တွေဆို မရပါဘူး။ 1 GB Memory Card ကို Properties ကြည့်လိုက်ပါ။ 975 MB ထက်တော့ နည်းလို့ မရပါဘူး။ 957 MB နဲ့ 975 MB အထက် 1 GB ကဒ် များကိုတော့ 2 GB အထိ ပြန်လည် တိုးမြှင့်နိုင်တာကို တွေ့ရပါတယ်။ 
 
ပထမဆုံး ခင်ဗျား လုပ်ရမှာကတော့ ကိုယ့်ရဲ့ Memory Card ကို Format ချရမှာ ဖြစ်တဲ့ အတွက် အထဲက data တွေကို အရင် တနေရာရာကို ရွှေ့ထားလိုက်ပါ။
 
သတိပေးချင်တာကတော့ ပထမအကြိမ် စမ်းလုပ်ကြည့်လို့ မရခဲ့ရင် အဆင်မပြေခဲ့ရင် ထပ်ပြီး မလုပ်ပါနဲ့။ သူက Cheap / Low Branded Device တွေမှာ အလုပ်လုပ်တဲ့ နည်းလမ်း ဖြစ်ပါတယ်။ တော်ကြာ 1 GB Card ကို 2 GB လုပ်ပါတယ်။ နဂိုရှိပြီးသား 1 GB လေးတောင် သုံးလို့ မရတော့ဘူး ဆိုရင်တော့ ကျွန်တော့်ကို ခင်ဗျားတို့ မေတ္တာ ပို့မှာ သေချာပါတယ်။ ကျွန်တော်လဲ ကြောက်ပါတယ်။ အဲဒါကြောင့် ကြို သတိပေးထားရတာပါ။ 
 
Step (1) အောက်မှာ ကျွန်တော်ပေးထားတဲ့ Link ကနေ software ကို download ဆွဲလိုက်ပါ။
 
 
Step (2) techday_rater_techday.zip ဆိုတဲ့ file လေး တစ်ခု ရလာပါမယ်။ Extract လုပ်ပြီး Computer မှာ Install လုပ်ပါ။ 
 
Step (3) မိမိ fix လုပ်မဲ့ 1 GB Card (or) Stick ကို Computer နဲ့ Join ထားလိုက်ပါ။ အဲဒါဆို အစောက ကျွန်တော်တို့ Run ထားတဲ့ Software မှာ ရွှေးစရာ ပေါ်လာပါလိမ့်မယ်။ အဲဒီမှာ ကိုယ့်ရဲ့ Device ကို ရွှေးပေးရပါမယ်။ My Computer မှာ ပေါ်နေတဲ့ Drive Letter ကို ရွှေးချယ်ပေးရမှာပေါ့ ။ (ဥပမာ -  :F , :G ) စသည်ဖြင့် ..
Step (4) Fix ကို နှိပ်ပေးလိုက်ပါ။
Step (5) techday_rater.exe က Format ချမချ မေးပါလိမ့်မယ်။ အဲ့ကျ့ရင် Yes ကိုနှိပ်လိုက်ပါ။
အိုကေ သွားပါပြီ ။ မိမိရဲ့ 1 GB Card ကို Computer မှာ ပြန်ထိုးပြီး properties ကို ကြည့်လိုက်ပါ။ 2GB ပြောင်းသွားပါလိမ့်မယ်။ စာဖတ်သူ 1 GB storage ကနေ 2 GB storage ကို အသုံးပြုနိုင်သွားပါပြီ။ 975 MB ထက်နည်းတဲ့ တချို့ drive တွေမှာ ဖြစ်တက်တာကတော့ 1 GB ကနေ 2 GB ကို ပြောင်းသွားပေမဲ့ တကယ်တမ်း သုံးတဲ့ အခါမှာ 2 GB သုံးလို့ မရပါဘူး။ 1 GB ပဲ သုံးလို့ ရတာကို တွေ့ရပါတယ်။
ပြည်တွင်းက ဖုန်းအသုံးပြုသူတွေ အတွက် ThL ရဲ့ နည်းပညာ ဖုန်းတစ်လုံး ဖြစ်ပါတယ်။  GSM ကွန်ရက်စနစ်သုံး ဖုန်းအမျိုးအစား တစ်ခုဖြစ်ပြီး 2G, 3G ကွန်ရက် စနစ်တွေမှာ အသုံးပြုနိုင်မယ်လို့ ဆိုပါတယ်။ မိုဘိုင်းဖုန်း အင်တာနက် စနစ်တွေ အတွက်လည်း EDGE, GPRS, HSDPA အစရှိတဲ့ စနစ်တွေကို အသုံးပြုနိုင်ပြီး ဝါယာလက် အင်တာနက် စနစ်ဖြစ်တဲ့ WiFi စနစ်ကိုလည်း အသုံးပြုနိုင်ပါတယ်။ ပါးလွှာပြီး လှပတဲ့ ဖုန်းပါပဲ။ အခြား အသုံးပြုနိုင်မယ့် စနစ်တွေအနေနဲ့တော့ Bluetooth 3.0 With A2DP EDR စနစ်ကို အသုံးပြုနိုင်မှာဖြစ်ပြီး USB ကတော့ ၂.၀ ပဲဖြစ်ပါတယ်။ ဒီဖုန်းမှာ ထူးခြားချက်တွေ အနေနဲ့ကတော့ ဖုန်းတွင်း အသုံးပြု စနစ်ပိုင်းတွေမှာ ယခင်ထက် ပိုမိုကောင်းမွန်တဲ့ ဖွဲ့စည်းပုံစနစ်တွေကို အသုံးပြုထားတာ တွေ့ရပြီး နည်းပညာ အဆင့်မြှင့်တင်ထားတဲ့ ဖုန်းလည်းဖြစ်ပါတယ်။



ဖုန်းကိုခိုင်းစေတဲ့ နေရာမှာဖုန်းရဲ့အလိုအလျောက် သိရှိနိုင်မှုစနစ်တွေအတွက် Sensor စနစ်ပိုင်းတွေမှာလည်း ပြည့်ပြည့်စုံစုံထည့်သွင်းထားတာ တွေ့ရမှာပါ။ ဖုန်းရဲ့ Screen ကို အလိုအလျောက် လှည့်ပေးနိုင်မယ့် Accelerometer Sensor ပိုမိုတိကျတဲ့ Screen လှည့်ပြောင်းခြင်းတွေကို ပြုလုပ်ပေးနိုင်မယ့် Gyro Sensor စနစ်တွေအပြင် ဖုန်းပြောနေချိန်မှာ Screen ကိုအလိုအလျောက် ပိတ်ထားပေးမယ့် Proximity Sensor စနစ်၊ တည်ရပ်ညွှန်းထောင့်တွေကို တွက်ချက်ပေးနိုင်မယ့် Compass Sensor စနစ်တွေကိုထည့်သွင်းပေးထားတာ aတွ့ရပါတယ်။ Chipset ကတော့ MTK6589T Chipset ကိုအသုံးပြုထားတာပါ။



OS ကတော့ Android OS ကို အသုံးပြုထားတာဖြစ်ပြီး Version ကတော့ Android OS, v4.2.1 (Jelly Bean) ဖြစ်ပါတယ်။



Screen Size ကတော့ 5.0 Inch ရှိပါတယ်။ Screen Pixel ကတော့ 1080x1920 pixels ဖြစ်ပါတယ်။ Screen အမျိုးအစားကတော့ IPS LCD Screen အမျိုးအစားပါ။



ဖုန်းရဲ့အရွယ်အစားကတော့ အမြင့်က 99.99mm ရှိပြီး ဘေးတိုက်အကျယ်ကတော့ 71.20mm ရှိပါတယ်။ ဖုန်းရဲ့အထူကတော့ 8.60mm ရှိပါတယ်။ အလေးချိန်ကတော့ 139.00g ပါ။



CPU ကတော့ Quad-core 1.5 GHz Cortex-A7 CPU ကိုထည့်သွင်း အသုံးပြုထားတာဖြစ်ပါတယ်။ ဖုန်းရဲ့လုပ်ဆောင်ချက်ပိုင်းတွေနဲ့ ဖုန်းတွင်းစနစ်ပိုင်းတွေ အတွက်တော့ မြန်ဆန်တဲ့တုံ့ပြန်မှု
ဆောင်ရွက်ချက်တွေကို ပေးနိုင်မယ့် CPU စနစ်ပါပဲ။ ဖုန်းရဲ့ Screen နဲ့ ရုပ်ထွက်ပိုင်း၊ ပုံရိပ်ဖော်နိုင်မှု စနစ်ပိုင်းဖြစ်တဲ့ ဂရပ်ဖစ်စနစ်အတွက်လည်း PowerVR SGX 544 GPU ကိုထည့်သွင်းတပ်ဆင် ထားတာတွေ့ရပါတယ်။ ဂရပ်ဖစ် GPU စနစ်ပိုင်းမှာလည်း ပြည့်စုံတယ်လို့ ဆိုနိုင်ပါတယ်။



ကင်မရာကတော့ 13 Megapixel ရှိတဲ့ကင်မရာကို တပ်ဆင်ပေးထားပါတယ်။ ဒီဖုန်းကတော့ ပြည်တွင်းကိုဝင်ခဲ့တဲ့ ThL ရဲ့ဖုန်းတွေထဲမှာ ကင်မရာအကောင်းဆုံး ဖုန်းလို့ပြောနိုင်ပါတယ်။ ကင်မရာစနစ် ပိုင်းတွေအနေနဲ့ ဓာတ်ပုံအလင်းရောင်အတွက် LED Flash, ဓာတ်ပုံရဲ့တည်နေရာတွေကို တွဲဖက်မှတ်သားရိုက်ကူးနိုင်မယ့် Geotagging Touch Foucus စနစ်၊ ပုံရိပ်ကိုအလိုအလျောက် ဖမ်းနိုင်မယ့် Auto Focus စနစ်အစရှိတဲ့ စနစ်တွေကိုအသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဒီဖုန်းဟာ ရှေ့ကင်မရာစနစ်ပိုင်းမှာလည်း အဆင့်မြှင့်တင်ထားတာ တွေ့ရပါတယ်။ Dual ကင်မရာစနစ်ကို အသုံးပြုထားပြီး
ရှေ့ကင်မရာကလည်း 5 Mega- pixel ရှိတဲ့အတွက် ရှေ့ကင်မရာကလည်း ကောင်းမွန်တဲ့ဖုန်းပါ။ ကင်မရာ Pixel တွေအနေနဲ့လည်း 4128 x 3096 Pixel ရရှိနိုင်မှာဖြစ်ပါတယ်။



MP4, WMV, MP3, FLAC player, Organizer, Document viewer (Word, Excel, PowerPoint, PDF), Google Search, Maps, Gmail, Calendar, Google Talk, Picasa, Facebook, Twitter, YouTube (upload) စရှိတဲ့ စနစ်တွေကိုအသုံးပြုနိုင်မယ်လို့ ဆိုပါတယ်။



Internal Memory 23GB ROM ပါဝင်ပြီး 2GB RAM ပါဝင်ပါတယ်။ မှတ်ဉာဏ်ထပ်တိုးသုံးဖို့အတွက်လည်း Micro SD Card 64GB ထိထပ်တိုး အသုံးပြုနိုင်မှာပါ။


ပည်တွင်းက ဖုန်းအသုံးပြုသူတွေ အတွက် ThL ရဲ့ နည်းပညာ ဖုန်းတစ်လုံး ဖြစ်ပါတယ်။  GSM ကွန်ရက်စနစ်သုံး ဖုန်းအမျိုးအစား တစ်ခုဖြစ်ပြီး 2G, 3G ကွန်ရက် စနစ်တွေမှာ အသုံးပြုနိုင်မယ်လို့ ဆိုပါတယ်။ မိုဘိုင်းဖုန်း အင်တာနက် စနစ်တွေ အတွက်လည်း EDGE, GPRS, HSDPA အစရှိတဲ့ စနစ်တွေကို အသုံးပြုနိုင်ပြီး ဝါယာလက် အင်တာနက် စနစ်ဖြစ်တဲ့ WiFi စနစ်ကိုလည်း အသုံးပြုနိုင်ပါတယ်။ ပါးလွှာပြီး လှပတဲ့ ဖုန်းပါပဲ။ အခြား အသုံးပြုနိုင်မယ့် စနစ်တွေအနေနဲ့တော့ Bluetooth 3.0 With A2DP EDR စနစ်ကို အသုံးပြုနိုင်မှာဖြစ်ပြီး USB ကတော့ ၂.၀ ပဲဖြစ်ပါတယ်။ ဒီဖုန်းမှာ ထူးခြားချက်တွေ အနေနဲ့ကတော့ ဖုန်းတွင်း အသုံးပြု စနစ်ပိုင်းတွေမှာ ယခင်ထက် ပိုမိုကောင်းမွန်တဲ့ ဖွဲ့စည်းပုံစနစ်တွေကို အသုံးပြုထားတာ တွေ့ရပြီး နည်းပညာ အဆင့်မြှင့်တင်ထားတဲ့ ဖုန်းလည်းဖြစ်ပါတယ်။

ဖုန်းကိုခိုင်းစေတဲ့ နေရာမှာဖုန်းရဲ့အလိုအလျောက် သိရှိနိုင်မှုစနစ်တွေအတွက် Sensor စနစ်ပိုင်းတွေမှာလည်း ပြည့်ပြည့်စုံစုံထည့်သွင်းထားတာ တွေ့ရမှာပါ။ ဖုန်းရဲ့ Screen ကို အလိုအလျောက် လှည့်ပေးနိုင်မယ့် Accelerometer Sensor ပိုမိုတိကျတဲ့ Screen လှည့်ပြောင်းခြင်းတွေကို ပြုလုပ်ပေးနိုင်မယ့် Gyro Sensor စနစ်တွေအပြင် ဖုန်းပြောနေချိန်မှာ Screen ကိုအလိုအလျောက် ပိတ်ထားပေးမယ့် Proximity Sensor စနစ်၊ တည်ရပ်ညွှန်းထောင့်တွေကို တွက်ချက်ပေးနိုင်မယ့် Compass Sensor စနစ်တွေကိုထည့်သွင်းပေးထားတာ aတွ့ရပါတယ်။ Chipset ကတော့ MTK6589T Chipset ကိုအသုံးပြုထားတာပါ။

OS ကတော့ Android OS ကို အသုံးပြုထားတာဖြစ်ပြီး Version ကတော့ Android OS, v4.2.1 (Jelly Bean) ဖြစ်ပါတယ်။

Screen Size ကတော့ 5.0 Inch ရှိပါတယ်။ Screen Pixel ကတော့ 1080x1920 pixels ဖြစ်ပါတယ်။ Screen အမျိုးအစားကတော့ IPS LCD Screen အမျိုးအစားပါ။

ဖုန်းရဲ့အရွယ်အစားကတော့ အမြင့်က 99.99mm ရှိပြီး ဘေးတိုက်အကျယ်ကတော့ 71.20mm ရှိပါတယ်။ ဖုန်းရဲ့အထူကတော့ 8.60mm ရှိပါတယ်။ အလေးချိန်ကတော့ 139.00g ပါ။

CPU ကတော့ Quad-core 1.5 GHz Cortex-A7 CPU ကိုထည့်သွင်း အသုံးပြုထားတာဖြစ်ပါတယ်။ ဖုန်းရဲ့လုပ်ဆောင်ချက်ပိုင်းတွေနဲ့ ဖုန်းတွင်းစနစ်ပိုင်းတွေ အတွက်တော့ မြန်ဆန်တဲ့တုံ့ပြန်မှု
ဆောင်ရွက်ချက်တွေကို ပေးနိုင်မယ့် CPU စနစ်ပါပဲ။ ဖုန်းရဲ့ Screen နဲ့ ရုပ်ထွက်ပိုင်း၊ ပုံရိပ်ဖော်နိုင်မှု စနစ်ပိုင်းဖြစ်တဲ့ ဂရပ်ဖစ်စနစ်အတွက်လည်း PowerVR SGX 544 GPU ကိုထည့်သွင်းတပ်ဆင် ထားတာတွေ့ရပါတယ်။ ဂရပ်ဖစ် GPU စနစ်ပိုင်းမှာလည်း ပြည့်စုံတယ်လို့ ဆိုနိုင်ပါတယ်။

ကင်မရာကတော့ 13 Megapixel ရှိတဲ့ကင်မရာကို တပ်ဆင်ပေးထားပါတယ်။ ဒီဖုန်းကတော့ ပြည်တွင်းကိုဝင်ခဲ့တဲ့ ThL ရဲ့ဖုန်းတွေထဲမှာ ကင်မရာအကောင်းဆုံး ဖုန်းလို့ပြောနိုင်ပါတယ်။ ကင်မရာစနစ် ပိုင်းတွေအနေနဲ့ ဓာတ်ပုံအလင်းရောင်အတွက် LED Flash, ဓာတ်ပုံရဲ့တည်နေရာတွေကို တွဲဖက်မှတ်သားရိုက်ကူးနိုင်မယ့် Geotagging Touch Foucus စနစ်၊ ပုံရိပ်ကိုအလိုအလျောက် ဖမ်းနိုင်မယ့် Auto Focus စနစ်အစရှိတဲ့ စနစ်တွေကိုအသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဒီဖုန်းဟာ ရှေ့ကင်မရာစနစ်ပိုင်းမှာလည်း အဆင့်မြှင့်တင်ထားတာ တွေ့ရပါတယ်။ Dual ကင်မရာစနစ်ကို အသုံးပြုထားပြီး
ရှေ့ကင်မရာကလည်း 5 Mega- pixel ရှိတဲ့အတွက် ရှေ့ကင်မရာကလည်း ကောင်းမွန်တဲ့ဖုန်းပါ။ ကင်မရာ Pixel တွေအနေနဲ့လည်း 4128 x 3096 Pixel ရရှိနိုင်မှာဖြစ်ပါတယ်။

MP4, WMV, MP3, FLAC player, Organizer, Document viewer (Word, Excel, PowerPoint, PDF), Google Search, Maps, Gmail, Calendar, Google Talk, Picasa, Facebook, Twitter, YouTube (upload) စရှိတဲ့ စနစ်တွေကိုအသုံးပြုနိုင်မယ်လို့ ဆိုပါတယ်။

Internal Memory 23GB ROM ပါဝင်ပြီး 2GB RAM ပါဝင်ပါတယ်။ မှတ်ဉာဏ်ထပ်တိုးသုံးဖို့အတွက်လည်း Micro SD Card 64GB ထိထပ်တိုး အသုံးပြုနိုင်မှာပါ။
ဖုန်း - ၀၉-၇၃၀၃၄၄၃၃
450 Mobile
-ကိုသက်
- See more at: http://www.myanmarinternetjournal.com/content/7857#sthash.KJMEhndd.dpuf
https://www.dropbox.com/s/kzjt52g5ta3ad5c/windows_8_wallpaper.rar


Windows 8 wallpaper လေးပေါ့ လိုချင်သူများအတွက်
https://www.dropbox.com/s/6lfwo51inqamk2f/putty.exe

Server လေးကို remote လေးနဲ့ ၀င်ပြင်ဖို့အတွက် တင်ပေးလိုက်ပါတယ်